ဟေ​ရှာ​ယ 37:26-35 Common Language Bible (BCL)

26. ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-

27. ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''

28. ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန် အ​စင်​ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု ၍​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​လည်း ကောင်း၊ ငါ့​အား​အ​ဘယ်​မျှ​အ​မျက်​ထွက် လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ​သိ​၏။-

29. သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''

30. ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင် သည်​ယ​ခု​နှစ်​၌​လည်း​ကောင်း၊ နောင်​နှစ်​ခါ​၌ လည်း​ကောင်း​စ​ပါး​ရိုင်း​ကို​သာ​လျှင်​စား​ရ လိမ့်​မည်။ သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​မူ​ဂျုံ စ​ပါး​ကို​စိုက်​ပျိုး​ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း​စိုက်​၍​စ​ပျစ် သီး​များ​ကို​စား​ရ​လိမ့်​မည်။-

31. ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည်​မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​ငယ် များ​ကဲ့​သို့​ရှင်​သန်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-

32. ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင် လူ​တို့​သည်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ကျန်​ရှိ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချ မှတ်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။''

33. အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-

34. အာ​ရှု​ရိ​မင်း​သည်​မိ​မိ​လာ​လမ်း​ဖြင့်​ပြန်​ရ လိမ့်​မည်။ သူ​သည်​မြို့​ထဲ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဤ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-

35. ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 37