1. ယုဒဘုရင်ဟေဇကိနန်းစံတစ်ဆယ့်လေး နှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာ ခရိပ်သည် ယုဒပြည်ရှိခံတပ်မြို့များကို တိုက်ခိုက်သိမ်းယူလေသည်။-
2. ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
3. ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
4. အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
16-17. ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-