1. ယုဒဘုရင်ဟေဇကိနန်းစံတစ်ဆယ့်လေး နှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာ ခရိပ်သည် ယုဒပြည်ရှိခံတပ်မြို့များကို တိုက်ခိုက်သိမ်းယူလေသည်။-
2. ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
3. ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
4. အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
5. စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
6. သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
7. ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-
8. ငါသည်ဘုရင်ဧကရာဇ်၏နာမတော်ကို တိုင်တည်၍ သင်တို့နှင့်အလောင်းအစားပြု မည်။ သင်တို့သည်မြင်းစီးသူရဲနှစ်ထောင်ရ ရှိအောင်ရှာနိုင်မည်ဆိုလျှင် သင်တို့အား မြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
9. သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
10. ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
11. ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။