ဟေ​ရှာ​ယ 35:4-7 Common Language Bible (BCL)

4. စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည်သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

5. မျက်​မ​မြင်​တို့​သည်​မျက်​စိ​မြင်​ကြ​လိမ့်​မည်။နား​ပင်း​သူ​တို့​သည်​လည်း​နား​ကြား​ကြ​လိမ့်​မည်။

6. ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည် ခုန်​ကြ​လိမ့်​မည်။ဆွံ့​အ​သူ​တို့​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ကန္တာ​ရ​၌​စမ်း​ရေ​ပေါက်​၍​ကန္တာ​ရ​တွင် စမ်း​ချောင်း​စီး​လိမ့်​မည်။

7. ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။

ဟေ​ရှာ​ယ 35