ဟေ​ရှာ​ယ 34:5-9 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-

6. ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-

7. ပြည်​သူ​တို့​သည်​နွား​ရိုင်း​များ၊ နွား​သိုး​ပျို များ​ကဲ့​သို့​လဲ​ကျ​ကြ​လိမ့်​မည်။ မြေ​ကြီး သည်​လည်း​သွေး​များ​ဖြင့်​နီ​၍​လည်း​ကောင်း၊ အ​ဆီ​များ​ဖြင့်​အီ​၍​လည်း​ကောင်း​နေ​လိမ့် မည်။-

8. ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။

9. ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-

ဟေ​ရှာ​ယ 34