ဟေ​ရှာ​ယ 34:1-3 Common Language Bible (BCL)

1. အို လူ​မျိုး​အ​ပေါင်း​တို့​လာ​ကြ​လော့။ လာ ရောက်​စု​ဝေး​၍​နား​ထောင်​ကြ​လော့။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​နေ​ထိုင်​သ​မျှ​သော​လူ​တို့​သည် ဤ​အ​ရပ်​သို့​လာ​၍​နား​ထောင်​ကြ​ရာ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-

3. သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-

ဟေ​ရှာ​ယ 34