18. လူမျိုးခြားအခွန်ခံများနှင့်သူလျှိုတို့အား သင်တို့ကြောက်ရွံ့ရမှုများသည်အတိတ် ကာလမှအဖြစ်အပျက်များသာလျှင် ဖြစ်၍နေလိမ့်မည်။-
19. သင်တို့သည်မိမိနားမလည်နိုင်သည့်ဘာသာ စကားကိုပြောဆိုသူ၊ မောက်မာထောင်လွှား သည့်လူမျိုးခြားတို့ကို တွေ့မြင်ရကြတော့ မည်မဟုတ်။-
20. ငါတို့ဘာသာရေးပွဲတော်များဆင်နွှဲရာ ဇိအုန်မြို့ကိုကြည့်ကြလော့။ ယေရုရှလင် မြို့ကိုကြည့်ကြလော့။ ထိုမြို့သည်ဘေးမဲ့လုံ ခြုံ၍အလွန်နေထိုင်ရန်ကောင်းသည့်မြို့ဖြစ် ပါသည်တကား။ ယင်းသည်ပန္နက်တိုင်များကို အဘယ်အခါ၌မျှမနုတ်ယူဘဲ အစဉ် ခိုင်ခံ့သည့်ကြိုးတို့ဖြင့်ဆွဲချည်ထားကာ၊ အဘယ်အခါ၌မျှမပြောင်းမရွှေ့ရသည့် တဲရှင်နှင့်တူလိမ့်မည်။-
21. ထာဝရဘုရားသည်မိမိ၏ဘုန်းအသရေ တော်ကို ငါတို့အားဖူးမြင်ခွင့်ပေးတော်မူ လိမ့်မည်။ ငါတို့သည်မြစ်ကြီးချောင်းကြီး များအနီးတွင်နေထိုင်ရကြလိမ့်မည်။ သို့ ရာတွင်ထိုမြစ်ကြီးတို့တွင်ရန်သူလှေ သင်္ဘောများသွားလာရကြလိမ့်မည် မဟုတ်။-