ဟေ​ရှာ​ယ 33:15-20 Common Language Bible (BCL)

15. သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-

16. သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

17. သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-

18. လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-

19. သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-

20. ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-

ဟေ​ရှာ​ယ 33