ဟေ​ရှာ​ယ 33:10-24 Common Language Bible (BCL)

10. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ အား``ယ​ခု​ငါ​သည်​အ​ရေး​ယူ​ဆောင်​ရွက် ပေ​တော့​အံ့။ ငါ​၏​တန်​ခိုး​တော်​ကြီး​မား​ပုံ ကို​ပြ​တော်​မူ​မည်။-

11. သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-

12. သင်​တို့​သည်​ထုံး​လုပ်​ရန်​မီး​အ​ဖုတ်​ခံ​ရ​သည့် ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ပြာ​ဖြစ်​အောင်​ကျွမ်း လောင်​သွား​သည့်​ဆူး​ပင်​ကဲ့​သို့​လည်း​ကောင်း ကြေ​မွ​သွား​ကြ​လိမ့်​မည်။-

13. ရပ်​နီး​ရပ်​ဝေး​တွင်​ရှိ​သ​မျှ​သော​သူ​တို့​သည် ငါ​ပြု​သည့်​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို ကြား​ရ​၍ ငါ​၏​တန်​ခိုး​တော်​ကို​သိ​မှတ်​ကြ ရာ​၏'' ဟု​မိန့်​တော်​မူ​၏။

14. အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-

15. သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-

16. သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

17. သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-

18. လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-

19. သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-

20. ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-

21. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို ငါ​တို့​အား​ဖူး​မြင်​ခွင့်​ပေး​တော်​မူ လိမ့်​မည်။ ငါ​တို့​သည်​မြစ်​ကြီး​ချောင်း​ကြီး များ​အ​နီး​တွင်​နေ​ထိုင်​ရကြ​လိမ့်​မည်။ သို့ ရာ​တွင်​ထို​မြစ်​ကြီး​တို့​တွင်​ရန်​သူ​လှေ သင်္ဘော​များ​သွား​လာ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။-

22-23. ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-

24. ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။

ဟေ​ရှာ​ယ 33