ဟေ​ရှာ​ယ 33:1-10 Common Language Bible (BCL)

1. ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။

2. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား က​ရု​ဏာ​ထား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး​ပါ​၏။ နေ့​စဉ် နေ့​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကာ​ကွယ် စောင့်​ထိန်း​တော်​မူ​၍​ဒုက္ခ​ရောက်​ချိန်​များ​၌ ကယ်​တော်​မူ​ပါ။-

3. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-

4. သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။

7. သူ​ရဲ​ကောင်း​တို့​သည်​အ​ကူ​အ​ညီ​တောင်း​ခံ လျက် နေ​ကြ​ပါ​သည်​တ​ကား။ စစ်​ပြေ​ငြိမ်း ရန်​ကြိုး​စား​ကြ​သူ​သံ​တ​မန်​များ​သည် ပြင်း​ပြ​စွာ​ငို​ကြွေး​လျက်​နေ​ကြ​၏။-

8. လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-

9. တိုင်း​ပြည်​သည်​လည်း​ခြောက်​သွေ့​၍ လူ​သူ​ဆိတ် ငြိမ်​လျက်​နေ​တော့​၏။ လေ​ဗ​နုန်​တော​သည်​ညှိုး နွမ်း​ခြောက်​သွေ့​၍​နေ​လေ​ပြီ။ မြေ​သြ​ဇာ​ထက် သန်​သည့်​ရှာ​ရုန်​ချိုင့်​ဝှမ်း​သည် သဲ​ကန္တာ​ရ​ကဲ့​သို့ ဖြစ်​လျက်၊ ဗာ​ရှန်​တောင်​နှင့်​က​ရ​မေ​လ​တောင် တွင်​ရှိ​သော​သစ်​ပင်​များ​သည် အ​ရွက်​ကြွေ​ကြ ကုန်​၏။

10. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ အား``ယ​ခု​ငါ​သည်​အ​ရေး​ယူ​ဆောင်​ရွက် ပေ​တော့​အံ့။ ငါ​၏​တန်​ခိုး​တော်​ကြီး​မား​ပုံ ကို​ပြ​တော်​မူ​မည်။-

ဟေ​ရှာ​ယ 33