ဟေ​ရှာ​ယ 32:6-15 Common Language Bible (BCL)

6. လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-

7. သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-

8. သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။

9. ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး​စွာ​နေ​ထိုင် ကြ​သူ​အ​ချင်း​အ​မျိုး​သ​မီး​တို့၊ ငါ​ပြော သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

10. သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-

11. သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-

14. နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။

15. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-

ဟေ​ရှာ​ယ 32