5. လူမိုက်တို့အားဂုဏ်အသရေရှိသူများဟူ ၍သော်လည်းကောင်း၊ သူယုတ်မာတို့အားရိုး ဖြောင့်သူများဟူ၍သော်လည်းကောင်း အဘယ် သူမျှထင်မှတ်ပြောဆိုကြလိမ့်မည်မဟုတ်။-
6. လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
7. သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
8. သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
9. ပူပင်သောကမရှိဘဲအေးဆေးစွာနေထိုင် ကြသူအချင်းအမျိုးသမီးတို့၊ ငါပြော သည့်စကားကိုနားထောင်ကြလော့။-
10. သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။-
11. သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
14. နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။