ဟေ​ရှာ​ယ 32:14-20 Common Language Bible (BCL)

14. နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။

15. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-

16. တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-

17. လူ​အ​ပေါင်း​တို့​သည်​အ​မှန်​တ​ရား​အ​တိုင်း ကို​ပြု​ကျင့်​ကြ​မည်​ဖြစ်​၍ ထာ​ဝ​စဉ်​ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​လုံ​ခြုံ​စိတ်​ချ​မှု​ရှိ လိမ့်​မည်။-

18. ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​နေ​ထိုင်​ရာ အိမ်​များ​သည်​ငြိမ်​သက်​၍​လုံ​ခြုံ​လိမ့်​မည်။ ထို လူ​မျိုး​တော်​သည်​လည်း​ပူ​ပင်​သော​က​နှင့် ကင်း​ဝေး​ကြ​လိမ့်​မည်။-

19. (သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)

20. ကောက်​ပဲ​သီး​နှံ​များ​အ​တွက်​မြည်း​နှင့်​ကျွဲ နွား​စား​ကျက်​များ​အ​တွက် ရေ​အ​လုံ​အ​လောက် ရ​ရှိ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။

ဟေ​ရှာ​ယ 32