1. တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။-
2. သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
3. သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။-
12-13. သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။-