ဟေ​ရှာ​ယ 32:1-10 Common Language Bible (BCL)

1. တစ်​နေ့​သော​အ​ခါ၊ သီ​လ​သ​မာ​ဋ္ဌိ​ရှိ​သည့် ဘု​ရင်​တစ်​ပါး​နှင့် တ​ရား​သ​ဖြင့်​အုပ်​စိုး​သည့် အ​မျိုး​သား​ခေါင်း​ဆောင်​များ​ပေါ်​ထွန်း​လာ လိမ့်​မည်။-

2. သူ​တို့​အား​လုံး​ပင်​လေ​နှင့်​မိုး​သက်​မုန်​တိုင်း များ​မှ​ခို​လှုံ​ရာ​အ​ရပ်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ခြောက်​သွေ့​ရာ​အ​ရပ်​၌​စီး​လျက် နေ​သည့်​ချောင်း​များ​နှင့်​လည်း​ကောင်း၊ ကွင်း ခေါင်​ခေါင်​နေ​ပူ​ကြဲ​ကြဲ​တွင်​ရှိ​သော​ကျောက် တုံး​ကြီး​၏​အ​ရိပ်​နှင့်​လည်း​ကောင်း​တူ​လိမ့် မည်။-

3. သူ​တို့​သည်​ပြည်​သူ​တို့​၏​ချို့​တဲ့​မှု​များ​ကို သိ​ရှိ​ရန်​မျက်​စိ​ရှင်​ရှင်​နား​ပါး​ပါး​နှင့်​နေ လိမ့်​မည်။-

4. စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-

5. လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-

6. လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-

7. သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-

8. သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။

9. ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး​စွာ​နေ​ထိုင် ကြ​သူ​အ​ချင်း​အ​မျိုး​သ​မီး​တို့၊ ငါ​ပြော သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

10. သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-

ဟေ​ရှာ​ယ 32