ဟေ​ရှာ​ယ 31:5-9 Common Language Bible (BCL)

5. ငှက်​သည်​မိ​မိ​အ​သိုက်​ထက်​တွင်​ပျံ​ဝဲ​ကာ သား​ငယ်​ကို​ကာ​ကွယ်​စောင့်​ရှောက်​သ​ကဲ့​သို့၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက်​တော်​မူ​မည်'' ဟု ငါ့​အား​မိန့်​တော်​မူ​ပါ​၏။

6. ဘု​ရား​သ​ခင်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​သည်​ငါ့​ကို​ပြစ်​မှား​ကာ​ဆန့်​ကျင် ဘက်​ပြု​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ငါ​၏ ထံ​သို့​ပြန်​လာ​ကြ​လော့။-

7. သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​သွန်း​လုပ်​ထား သော​ညစ်​ညမ်း​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ​ကို​ပစ် ထုတ်​လိုက်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-

8. အာ​ရှု​ရိ​ပြည်​သည်​စစ်​ပွဲ​တွင်​ကျ​ရှုံး​ရ​လိမ့် မည်။ သို့​ရာ​တွင်​လူ​တို့​တန်​ခိုး​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​တိုက်​ပွဲ​မှ ထွက်​ပြေး​ကြ​လိမ့်​မည်။ သူ​တို့​လူ​ငယ်​လူ ရွယ်​များ​သည်​လည်း​ကျွန်​ခံ​ရကြ​လိမ့်​မည်။-

9. သူ​တို့​၏​ဘု​ရင်​သည်​လည်း​ကြောက်​ရွံ့​၍​ထွက် ပြေး​ကြ​လိမ့်​မည်။ တပ်​မှူး​များ​သည်​မိ​မိ​တို့ တိုက်​ပွဲ​အ​လံ​များ​ကို​စွန့်​ပစ်​လိုက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏။ ကိုယ်​တော် သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​ကိုး​ကွယ် ဝတ်​ပြု​ကြ​သည့်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၍ ကိုယ်​တော်​၏​မီး​လျှံ​သည်​လည်း​ယဇ် ကောင်​များ​ကို​မီး​ရှို့​ရန်​အ​တွက်​တောက် လောင်​လျက်​ရှိ​သ​တည်း။

ဟေ​ရှာ​ယ 31