ဟေ​ရှာ​ယ 31:1-5 Common Language Bible (BCL)

1. အီ​ဂျစ်​ပြည်​သို့​အ​ကူ​အ​ညီ​တောင်း​ခံ​ရန် သွား​ရောက်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော​အီ​ဂျစ် ပြည်​၏​ကြီး​မား​သော​စစ်​အင်​အား​ကို​မှီ​ခို အား​ကိုး​၍​နေ​ကြ​၏။ သို့​ရာ​တွင်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မူ​အား​မ​ကိုး​ကြ။ ကူ​မ​တော်​မူ​ရန် ကိုယ်​တော်​ကို​လည်း​မ​တောင်း​မ​လျှောက် ကြ။-

2. ကိုယ်​တော်​သည်​မိ​မိ​ပြု​တော်​မူ​လျက်​နေ သည့်​အ​မှု​ကို​သိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက် ရောက်​စေ​တော်​မူ​ပါ​၏။ ဆိုး​ညစ်​သူ​များ​နှင့် သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြုံး​ဝါး​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ​၏။-

3. အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​နတ်​ဘု​ရား​များ မ​ဟုတ်။ သာ​မန်​လူ​သား​များ​သာ​လျှင်​ဖြစ်​ပါ သည်​တ​ကား။ သူ​တို့​၏​မြင်း​များ​သည်​လည်း နတ်​မြင်း​များ​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ရေး ယူ​ဆောင်​ရွက်​တော်​မူ​သော​အ​ခါ ခွန်​အား​ကြီး မား​သည့်​လူ​မျိုး​သည်​ကြေ​မွ​၍​သွား​လိမ့်​မည်။ အ​ကူ​အ​ညီ​ရ​သည့်​လူ​မျိုး​သည်​လည်း​ပြို​လဲ ၍​သွား​လိမ့်​မည်။ ထို​လူ​မျိုး​နှစ်​မျိုး​စ​လုံး​ပင် ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။

4. ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​တို့​သည်​အ​ဘယ် မျှ​ပင်​ငေါက်​ငန်း​အော်​ဟစ်​ကြ​သော်​လည်း သား ကောင်​ကို​ကိုက်​သတ်​ထား​သည့်​ခြင်္သေ့​ကို​ချောက် လှန့်​၍​မ​ရ​နိုင်​သ​ကဲ့​သို့၊ ဇိ​အုန်​တောင်​ကို​ကာ ကွယ်​စောင့်​ရှောက်​နေ​သည့် အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​အား​လည်း​အ​ဘယ်​အ​ရာ က​မျှ​ဟန့်​တား​ပိတ်​ပင်​နိုင်​လိမ့်​မည်​မ​ဟုတ်။-

5. ငှက်​သည်​မိ​မိ​အ​သိုက်​ထက်​တွင်​ပျံ​ဝဲ​ကာ သား​ငယ်​ကို​ကာ​ကွယ်​စောင့်​ရှောက်​သ​ကဲ့​သို့၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက်​တော်​မူ​မည်'' ဟု ငါ့​အား​မိန့်​တော်​မူ​ပါ​၏။

ဟေ​ရှာ​ယ 31