ဟေ​ရှာ​ယ 30:7-18 Common Language Bible (BCL)

7. အီ​ဂျစ်​ပြည်​မှ​ပေး​သော​အ​ကူ​အ​ညီ​ကား အ​ချည်း​နှီး​ပင်​တည်း။ ထို့​ကြောင့်​ငါ​သည်၊ အီ​ဂျစ်​ပြည်​အား`အ​ဆိပ်​မ​ရှိ​သည့်​န​ဂါး' ဟု နာ​မည်​ပေး​ထား​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

8. ဘု​ရား​သ​ခင်​က``ထို​သူ​တို့​သည်​အ​ဘယ်​သို့ သော​လူ​မျိုး​ဖြစ်​သည်​ကို နောင်​အ​ခါ​အ​စဉ် သက်​သေ​ခံ​အ​မှတ်​အ​သား​ရ​ရှိ​စေ​ရန် စာ စောင်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​လော့'' ဟု ငါ​အား​စေ​ခိုင်း​တော်​မူ​ပါ​၏။-

9. သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-

10. ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-

11. ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။

12. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဘု​ရား​သ​ခင်​က``သင် တို့​သည်​ငါ့​စ​ကား​ကို​အ​ရေး​မ​စိုက်​ဘဲ အ​ကြမ်း​ဖက်​မှု​နှင့်​လိမ်​လည်​မှု​ကို​သာ အား​ကိုး​ကြ​၏။-

13. သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-

14. အိုး​ခြမ်း​ကွဲ​ဖြင့်​မီး​ခဲ​များ​ကို​ကောက်​ယူ​ရန် သော်​လည်း​ကောင်း၊ စည်​တွင်​နှစ်​၍​ရေ​ကို​ခပ်​ယူ ရန်​သော်​လည်း​ကောင်း၊ မ​ဖြစ်​နိုင်​အောင်​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ကွဲ​သွား​သော​မြေ​အိုး​နှင့်​တူ ကြ​လိမ့်​မည်။

15. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-

16. ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-

17. ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-

18. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ဟေ​ရှာ​ယ 30