4. သူတို့၏သံတမန်များသည်အီဂျစ်ပြည်၊ ဇောနမြို့နှင့်ဟာနက်မြို့သို့ရောက်ရှိနေ လေပြီ။-
5. ယုဒအမျိုးသားများသည်မိမိတို့အကူ အညီရရှိလိမ့်မည်ဟု မျှော်လင့်ကာမှကူညီ ရန်ပျက်ကွက်သည့်လူမျိုး၊ ယုံကြည်စိတ်ချ ၍မရသည့်ထိုလူမျိုးကိုအားကိုးမှီခို မိသည့်အတွက်နောင်တရကြလိမ့်မည်။
6. ဤဗျာဒိတ်တော်သည်တောင်ပိုင်းသဲကန္တာရ တွင်ရှိသည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သော ဗျာဒိတ်တော်ဖြစ်၏။ ကိုယ်တော်က``သံတမန် တို့သည်ခြင်္သေ့များခိုအောင်းရာ၊ မြွေဆိုးများ၊ နဂါးပျံများရှိ၍ဘေးအန္တရာယ်ပေါများ ရာအရပ်ကိုဖြတ်၍သွားရကြ၏။ ထိုသူတို့ သည်မိမိတို့အားအဘယ်အကူအညီမျှ မပေးနိုင်သည့်လူမျိုးအတွက် အဖိုးထိုက် လက်ဆောင်ပဏ္ဏာများကိုမြည်းများ၊ ကုလား အုတ်များနှင့်တင်ယူလာကြ၏။-
7. အီဂျစ်ပြည်မှပေးသောအကူအညီကား အချည်းနှီးပင်တည်း။ ထို့ကြောင့်ငါသည်၊ အီဂျစ်ပြည်အား`အဆိပ်မရှိသည့်နဂါး' ဟု နာမည်ပေးထားလေပြီ'' ဟုမိန့်တော်မူ၏။
8. ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
9. သူတို့သည်ဘုရားသခင်ကိုအမြဲတစေ ပုန်ကန်လျက်၊ အမြဲတစေလိမ်လည်လျက်၊ ထာဝရဘုရား၏တရားတော်ကိုနာယူ ရန်အမြဲတစေငြင်းဆန်လျက်နေကြ၏။-
10. ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။-
11. ငါတို့လမ်းမှဖယ်ကြလော့။ ငါတို့လမ်းကို မပိတ်ကြနှင့်။ သင်တို့ကိုးကွယ်သောသန့်ရှင်း မြင့်မြတ်သည့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အကြောင်းကိုငါတို့ မကြားလို'' ဟုဆိုကြ၏။
12. သို့ရာတွင်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သောဘုရားသခင်က``သင် တို့သည်ငါ့စကားကိုအရေးမစိုက်ဘဲ အကြမ်းဖက်မှုနှင့်လိမ်လည်မှုကိုသာ အားကိုးကြ၏။-
13. သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
14. အိုးခြမ်းကွဲဖြင့်မီးခဲများကိုကောက်ယူရန် သော်လည်းကောင်း၊ စည်တွင်နှစ်၍ရေကိုခပ်ယူ ရန်သော်လည်းကောင်း၊ မဖြစ်နိုင်အောင်အစိတ် စိတ်အမြွှာမြွှာကွဲသွားသောမြေအိုးနှင့်တူ ကြလိမ့်မည်။
15. ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
16. ယင်းသို့နားထောင်မည့်အစား၊ လျင်မြန်သည့် မြင်းများကိုစီး၍ ရန်သူတို့ထံမှထွက်ပြေး ရန်ကြံစည်ကြလေသည်။ သင်တို့၏အကြံ အစည်မှာမဆိုးလှ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်အမှန်ပင်ထွက်ပြေးရကြလိမ့် မည်ဖြစ်သောကြောင့်တည်း။ သင်တို့သည်မိမိ တို့မြင်းများကိုလျင်မြန်လှပြီဟုထင်မှတ် ကြသော်လည်း သင်တို့အားလိုက်လံဖမ်းဆီး သူတို့၏မြင်းများကပို၍ပင်လျင်မြန်ကြ လိမ့်မည်။-