ဟေ​ရှာ​ယ 30:30-33 Common Language Bible (BCL)

30. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-

31. အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​သံ​တော်​ကို​ကြား​သော​အ​ခါ ကြောက် လန့်​တုန်​လှုပ်​လျက်​ကိုယ်​တော်​ပေး​အပ်​တော် မူ​သော​အ​ပြစ်​ဒဏ်​အ​ဟုန်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။-

32. ထို​သူ​တို့​အား​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​ရိုက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်​စောင်း​သံ၊ ပတ်​သာ​သံ​များ ကို​စည်း​လိုက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ပင်​အာ​ရှု​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။-

33. ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။

ဟေ​ရှာ​ယ 30