25. သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
26. လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
27. ဘုရားသခင်၏တန်ခိုးတော်နှင့်ဘုန်းအသရေ တော်ကိုအဝေးမှပင်မြင်နိုင်ပါသည်တကား။ မီးလျှံနှင့်မီးခိုးတို့သည်ကိုယ်တော်၏အမျက် တော်ကိုဖော်ပြကြ၏။ ကိုယ်တော်မိန့်မြွက်တော် မူသောအခါနှုတ်တော်ထွက်စကားများသည် မီးကဲ့သို့လောင်ကျွမ်းစေတတ်၏။-
28. ကိုယ်တော်သည်လေပြင်းကိုတိုက်ခတ်စေ တော်မူလိမ့်မည်။ ထိုလေသည်အရာခပ်သိမ်း ကိုမြောပါသွားစေတတ်သည့်မြစ်ရေလျှံ သကဲ့သို့လူမျိုးတကာကိုဆုံးပါးပျက်စီး စေ၍၊ သူတို့၏ဆိုးညစ်သောအကြံအစည် များကိုပျက်ပြားစေလိမ့်မည်။-
29. သို့ရာတွင်၊ အို ထာဝရဘုရား၏လူမျိုးတော်၊ သင်တို့သည်ဘာသာရေးပွဲတော်ညဥ့်မှာကဲ့ သို့ပျော်ရွှင်စွာသီချင်းဆိုကြလိမ့်မည်။ သင် တို့သည်ဣသရေလအမျိုးသားတို့၏ကွယ် ကာရာအရှင်၊ ထာဝရဘုရား၏ဗိမာန်တော် သို့သွားရာလမ်းတွင် ပုလွေသံနှင့်စည်းချက် ကျကျလမ်းလျှောက်၍သွားကြသူတို့ကဲ့ သို့ပျော်ရွှင်ကြလိမ့်မည်။