17. ရန်သူတစ်ယောက်ကိုမြင်လျှင်သင်တို့ဘက် မှလူတစ်ထောင်ထွက်ပြေးကြလိမ့်မည်။ ရန် သူငါးယောက်ဆိုလျှင် သင်တို့အားလုံးပင် ထွက်ပြေးကြလိမ့်မည်။ တောင်ထိပ်တွင်အထီး တည်းစိုက်ထူထားသည့်အလံတိုင်မှတစ်ပါး သင်တို့၏တပ်မတော်မှအဘယ်အရာမျှ ကျန်ရှိခဲ့လိမ့်မည်မဟုတ်။-
18. သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
19. ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
20. ထာဝရဘုရားသည်သင်တို့အားဆိုးယုတ် ခက်ခဲမှုများနှင့်တွေ့ကြုံစေတော်မူမည် ဖြစ်သော်လည်း ကိုယ်တော်တိုင်ပင်သင်တို့နှင့် အတူရှိတော်မူ၍လမ်းပြသွန်သင်တော်မူ လိမ့်မည်။ သင်တို့သည်လည်းကိုယ်တော်ကို ရှာနေရန်လိုတော့မည်မဟုတ်။-
21. လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-