17. သို့ရာတွင်ငါသည်သူတို့အား ဦးပြည်း ခေါင်းတုံးရိတ်၍အပြစ်ပေးတော်မူမည်'' ဟုမိန့်တော်မူ၏။
18. ယေရုရှလင်မြို့သူတို့ဂုဏ်ယူဝါကြွားသမျှ သောအရာများကို ထာဝရဘုရားသည်သူ တို့ထံမှသိမ်းယူတော်မူမည့်အချိန်ကျရောက် လာလိမ့်မည်။ သူတို့၏ခြေချင်းများ၊ ဦးခေါင်း တန်ဆာများ၊ လည်ဆွဲများ၊-
19-20. နားဆွဲများ၊ လက်ကောက်များ၊ သူတို့၏ မျက်နှာဖုံးဇာပုဝါများ၊ ဦးထုပ်များ၊-
21-23. လက်မောင်းပတ်၊ ခါးပတ်လက်ဖွဲ့များ၊ လက်စွပ် များ၊ နှာဆွဲများ၊ ကောင်းသောဝတ်လုံများ၊ အပေါ်အင်္ကျီရှည်များ၊ ဂါဝန်များ၊ ပိုက်ဆံ အိတ်များ၊ ပါးလွှာသောအဝတ်တန်ဆာများ၊ ပိတ်ချောလက်ကိုင်ပုဝါများ၊ ခေါင်းအုပ်ဇာ ပုဝါများကိုဖယ်ရှားတော်မူလိမ့်မည်။
24. သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
25. သူတို့၏လင်ယောကျာ်းများသည်လည်း အဘယ် မျှပင်ခွန်အားကြီးမားကြစေကာမူစစ် ပွဲတွင်ကျဆုံးကြလိမ့်မည်။-
26. မြို့တံခါးများသည်ငိုကြွေးမြည်တမ်းလျက် မြို့ကြီးသည်လည်း အဝတ်အချည်းစည်းနှင့် မြေပေါ်တွင်ထိုင်လျက်နေသည့်မိန်းမနှင့် တူလိမ့်မည်။