1. ယခုအခါထာဝရဘုရား၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ပြည်သူတို့မှီခို အားထားသူမှန်သမျှနှင့် ဝတ္ထုပစ္စည်းမှန် သမျှကိုယေရုရှလင်မြို့နှင့်ယုဒပြည်မှ ပယ်ရှားတော်မူတော့မည်။ ကိုယ်တော်သည် သူတို့၏အစာရေစာများကိုရုပ်သိမ်း တော်မူလိမ့်မည်။-
2. သူတို့၏သူရဲကောင်းများနှင့်စစ်သည်တော် များ၊ တရားသူကြီးများနှင့်ပရောဖက်၊ ဗေဒင်ဆရာများနှင့်တာဝန်ရှိပ္ဂိုလ်များ၊-
3. သူတို့၏စစ်ဘက်နယ်ဘက်ခေါင်းဆောင်များ နိုင်ငံရေးသမားများနှင့်မှော်ဆရာများ ကိုဖယ်ရှားတော်မူလိမ့်မည်။-
4. ထာဝရဘုရားသည်အရွယ်မရောက်သေး သောကလေးသူငယ်များအား ပြည်သူ တို့ကိုအုပ်စိုးခွင့်ပေးတော်မူလိမ့်မည်။-
5. လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
6. သားချင်းစုဝင်တို့သည်မိမိတို့အထဲမှ လူတစ်စုံတစ်ယောက်ကိုရွေးချယ်ကာ``ယုတ်စွ အဆုံးသင့်မှာအဝတ်အစားရှိပါသေးသည်။ သို့ဖြစ်၍ယခုလိုဒုက္ခရောက်ချိန်၌ငါတို့ ၏ဦးစီးခေါင်းဆောင်ပြုလုပ်ပေးပါ'' ဟုဆို ကြသည့်အချိန်ကျရောက်လာလိမ့်မည်။
7. သို့ရာတွင်ထိုသူက``ငါမလုပ်ပါရစေနှင့်။ ငါသည်သင်တို့ကိုမကယ်နိုင်ပါ။ ငါ့မှာလည်း အစားအစာနှင့်အဝတ်မရှိပါ။ ငါ့အားသင် တို့၏ဦးစီးခေါင်းဆောင်အဖြစ်မခန့်ကြ ပါနှင့်'' ဟုပြန်လည်ပြောဆိုလိမ့်မည်။
8. ယေရုရှလင်မြို့သည်အမင်္ဂလာရှိပါသည် တကား။ ယုဒပြည်လည်းပြိုပျက်လျက်နေ လေပြီ။ သူတို့ပြုသမျှသောအမှုများနှင့် ပြောသမျှသောစကားများသည် ထာဝရ ဘုရားနှင့်ဆန့်ကျင်ဘက်သာလျှင်ဖြစ်၍ နေ၏။ သူတို့သည်ဘုရားသခင်ကိုယ်တော် တိုင်ကိုလူသိရှင်ကြားစော်ကားကြ၏။-
9. သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
10. သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-