14. သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
15. မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
16. သူတို့သည်အရာခပ်သိမ်းကိုကပြောင်းက ပြန်ဖြစ်စေတတ်ကြ၏။ အိုးထိန်းသည်နှင့် အိုးမြေတို့တွင် အဘယ်သူကပို၍အရေး ကြီးပါသနည်း။ လူ့လက်ဖြင့်ပြီးသောအရာ တစ်ခုကလူကိုပြန်၍``ငါသည်သင်ပြုလုပ် ထားသည့်အရာမဟုတ်'' ဟူ၍သော်လည်း ကောင်း``သင်သည်မိမိပြုလုပ်လျက်နေသည့် အမှုကိုမသိ'' ဟူ၍သော်လည်းကောင်း ဆိုနိုင်ပါမည်လော။
17. စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
18. ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
19. ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
20. သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-