8. သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
9. သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။-
10. သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။
11. အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။-
12. ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-