7. ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
8. သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
9. သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။-
10. သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။