28. သူသည်ဂျုံနှံများကိုလည်းအဆက်မပြတ် နင်းနယ်ခြင်းအားဖြင့် ဂျုံဆံအများပျက်စီး အောင်မပြုတတ်။ ဂျုံဆံများမပွန်းမပဲ့ရ လေအောင်လှည်းဖြင့်အဘယ်သို့နင်းနယ်ရ မည်ကိုသိ၏။-
29. သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။