1. ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
2. ထိုကာလ၌ထာဝရဘုရားသည် မိမိ၏ သာယာသောစပျစ်ဥယျာဉ်နှင့်ပတ်သက်၍၊-
3. ``ငါသည်ဤဥယျာဉ်ကိုအခါမလပ်စောင့် ကြပ်ကြည့်ရှုကာရေလောင်း၏။ အဘယ်သူမျှ မဖျက်ဆီးနိုင်စေရန်နေ့ရောညဥ့်ပါစောင့်ကြပ် ကြည့်ရှု၏။-
4. စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-