ဟေ​ရှာ​ယ 26:2-10 Common Language Bible (BCL)

2. မြို့​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ပြီး​လျှင်​ဖြောင့်​မှန် ရာ​ကို ပြု​ကျင့်​သည့်​လူ​မျိုး၊သစ္စာ​ရှိ​သည့်​လူ​မျိုး​အား​ဝင်​ခွင့်​ပြု​ကြ​လော့။

3. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အားစစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။

4. ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။

5. ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။

6. ဖိ​နှိပ်​ချုပ်​ချယ်​မှု​ခံ​ခဲ့​ရ​ကြ​သူ တို့​သည်​လည်းယ​ခု​အ​ခါ၊ထို​မြို့​ကို​ခြေ​နှင့်​နင်း​၍ ကျော်​လွှား​သွား​လာ​လျက်​ရှိ​ကြ​၏။

7. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။

8. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။

9. ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

10. ကိုယ်​တော်​ရှင်​သည်​သူ​ယုတ်​မာ​တို့​အား သ​နား​ညှာ​တာ​တော်​မူ​သော်​လည်း၊သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် နား​မ​လည်​ကြ​ပါ။သူ​တော်​ကောင်း​တို့​နေ​ထိုင်​ရာ​ဤ​ပြည်​၌​ပင် လျှင်သူ​တို့​သည်​မ​တ​ရား​သော​အ​မှု​တို့​ကို​ပြု​လျက် ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အာနု​ဘော်​တော်​ကို​လည်း အ​သိ​အ​မှတ်​မ​ပြု​ကြ​ပါ။

ဟေ​ရှာ​ယ 26