ကျွန်တော်မျိုးတို့၏လူစုအနက်မှသေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သောသူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။