1. ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကိုဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
2. မြို့တံခါးတို့ကိုဖွင့်လိုက်ပြီးလျှင်ဖြောင့်မှန် ရာကို ပြုကျင့်သည့်လူမျိုး၊သစ္စာရှိသည့်လူမျိုးအားဝင်ခွင့်ပြုကြလော့။
3. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အားစစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
4. ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
5. ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။