1. ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကိုဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
2. မြို့တံခါးတို့ကိုဖွင့်လိုက်ပြီးလျှင်ဖြောင့်မှန် ရာကို ပြုကျင့်သည့်လူမျိုး၊သစ္စာရှိသည့်လူမျိုးအားဝင်ခွင့်ပြုကြလော့။
3. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အားစစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
4. ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
5. ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
6. ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်းယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
7. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
8. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
9. ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
10. ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင်သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။