1. အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
2. ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည်ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။
3. တန်ခိုးကြီးမားသည့်လူမျိုးတို့သည်ကိုယ်တော် ရှင်ကို ထောမနာပြုကြပါလိမ့်မည်။ရက်စက်ကြမ်းကြုတ်သူတို့နေထိုင်ရာ မြို့များတွင်လည်းကိုယ်တော်အားကြောက်လန့်၍နေကြပါလိမ့်မည်။