1. ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
2. ယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။-
3. ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
4. ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
5. လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
6. ထို့ကြောင့်ဘုရားသခင်သည်ကမ္ဘာမြေကြီး ကိုကျိန်စာသင့်စေတော်မူ၏။ ကမ္ဘာသူကမ္ဘာ သားတို့သည်လည်းမိမိတို့ပြုခဲ့သည့်မ ကောင်းမှု၏အကျိုးဆက်ကိုခံယူရကြကုန် ၏။ အသက်မသေဘဲကျန်ရှိသူများသည် လည်းနည်းသည်ထက်နည်း၍လာတော့၏။-
7. စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
8. သူတို့၏စောင်းများ၊ ပတ်သာများမှရွှင်ပျ ချိုသာသောသီချင်းသံသည်လည်း ဆိတ် သုဉ်းသွားလေပြီ။-
9. သူတို့သည်စပျစ်ရည်သောက်ကာသီချင်း များကိုမဆိုကြတော့ပေ။ အဘယ်သူမျှ စပျစ်ရည်၏အရသာကိုမခံစားကြ တော့ချေ။-
10. မြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။-
11. လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။-