ဟေ​ရှာ​ယ 23:9-18 Common Language Bible (BCL)

9. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ် ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ထို​သူ​တို့ ၏​မာန်​မာ​န​ကို​ချိုး​တော်​မူ​လို​သ​ဖြင့်၊ သူ တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​တို့​အား​ရှုတ်​ချ တော်​မူ​လို​သ​ဖြင့်​ဤ​သို့​ကြံ​စည်​တော်​မူ ခြင်း​ဖြစ်​ပေ​သည်။

10. စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-

12. အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။

13. (တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)

14. သ​မုဒ္ဒ​ရာ​တွင်​ရောက်​ရှိ​နေ​သူ​အ​ချင်း​သင်္ဘော သား​တို့၊ ဝမ်း​နည်း​လျက်​ညည်း​တွား​မြည်​တမ်း ကြ​လော့။ သင်​တို့​ယုံ​ကြည်​အား​ထား​ရာ​မြို့ သည်​ပြို​ပျက်​သွား​လေ​ပြီ။

17. အ​နှစ်​ခု​နစ်​ဆယ်​ကုန်​လွန်​သော​အခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​တု​ရု​မြို့​အား​ရှေး​အ​ခါ​က​နည်း တူ တစ်​ဖန်​ပြန်​၍​ကုန်​သွယ်​ရန်​ခွင့်​ပြု​တော်​မူ လိမ့်​မည်။ ထို​မြို့​သည်​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ ၏​အ​စေ​ကို​ခံ​လိမ့်​မည်။-

18. ကုန်​သွယ်​၍​ရ​ရှိ​သည့်​ငွေ​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​လှူ​ဒါန်း​လိမ့်​မည်။ ယင်း တို့​ကို​သိမ်း​ဆည်း​၍​ထား​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ တို့​သည်​လည်း ထို​ငွေ​ဖြင့်​မိ​မိ​တို့​လို​အပ် သည့်​အ​စား​အ​စာ​များ​နှင့် အ​ဝတ်​အ​ထည် များ​ကို​ဝယ်​ခြမ်း​ကြ​လိမ့်​မည်။

ဟေ​ရှာ​ယ 23