6. အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
7. ဤမြို့သည်ရှေးအခါကတည်ထောင်ခဲ့သည့် မြို့၊ သာယာရွှင်လန်းခဲ့သည့်တုရုမြို့ဖြစ်နိုင် ပါသလော။ ဤမြို့သည်ကိုလိုနီနိုင်ငံများ တည်ထောင်ရန်ပင်လယ်ရပ်ခြားသို့လူများ ကိုစေလွှတ်နေထိုင်စေသည့်မြို့မဖြစ်နိုင် ပါသလော။-
8. ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
9. အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
10. စပိန်ပြည်ရှိကိုလိုနီနိုင်ငံများမှလူတို့၊ သင်တို့သည်သွား၍လယ်ယာများကိုထွန် ယက်ကြလော့။ သင်တို့အားကာကွယ်စောင့် ရှောက်မည့်သူတစ်စုံတစ်ယောက်မျှမရှိ တော့ပေ။-
11. ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
12. အို ဇိဒုန်မြို့၊ သင်သည်နောက်တစ်ဖန်သာယာ ရွှင်လန်းရတော့မည်မဟုတ်။ သင်၏လူတို့ သည်လည်းဖိနှိပ်ချုပ်ချယ်မှုကိုခံရလျက် ရှိ၏။ အကယ်၍သူတို့သည်ကုပရုပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဆိုစေ ကာမူ ဘေးမဲ့လုံခြုံစွာနေရကြလိမ့်မည် မဟုတ်။
13. (တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
14. သမုဒ္ဒရာတွင်ရောက်ရှိနေသူအချင်းသင်္ဘော သားတို့၊ ဝမ်းနည်းလျက်ညည်းတွားမြည်တမ်း ကြလော့။ သင်တို့ယုံကြည်အားထားရာမြို့ သည်ပြိုပျက်သွားလေပြီ။
17. အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
18. ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။