1. ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
2. ပင်လယ်တွင်ကုန်ကူးလျက်ရှိသောဇိဒုန်ကုန် သည်တို့၊ ဟစ်အော်ငိုကြွေးကြလော့။ သင်တို့ သည်ထိုသူတို့အား၊-
3. ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။
4. အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
5. တုရုမြို့ပျက်စီးသွားသည့်သတင်းကို ကြားသောအခါအီဂျစ်အမျိုးသားတို့ ပင်လန့်ဖျပ်သွားကြကုန်၏။
6. အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
7. ဤမြို့သည်ရှေးအခါကတည်ထောင်ခဲ့သည့် မြို့၊ သာယာရွှင်လန်းခဲ့သည့်တုရုမြို့ဖြစ်နိုင် ပါသလော။ ဤမြို့သည်ကိုလိုနီနိုင်ငံများ တည်ထောင်ရန်ပင်လယ်ရပ်ခြားသို့လူများ ကိုစေလွှတ်နေထိုင်စေသည့်မြို့မဖြစ်နိုင် ပါသလော။-
8. ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
9. အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
15-16. ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့''အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။