3. မြားတစ်စင်းကိုမျှမပစ်မလွှတ်ရမီ သင် ၏ခေါင်းဆောင်အပေါင်းသည်ထွက်ပြေးသဖြင့် သုံ့ပန်းအဖြစ်အဖမ်းခံရကြ၏။-
4. ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
5. ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
6. ဧလံပြည်မှမြင်းစီးသူရဲတို့သည် လေးမြား များကိုကိုင်ဆောင်လာကြ၏။ ကိရပြည်မှ စစ်သူရဲတို့ကလည်း ဒိုင်းလွှားများကို အသင့်ကိုင်ဆောင်ထားကြ၏။-
7. မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
8. ယုဒပြည်၏ခံတပ်ရှိသမျှတို့သည်ကား ပြိုပျက်၍သွားလေပြီ။ထိုအခါသင်၏လူတို့သည်လက်နက်တိုက် မှလက်နက်များကိုထုတ်ယူကြ၏။-
9. မြို့ရိုးတို့တွင်ပျက်စီးနေသည်နေရာများ ကိုပြင်ဆင်ရန်ကြည့်ရှုကြ၏။
10. မြို့ထဲရှိအိမ်များကိုရေတွက်ကာမြို့ရိုးများ ပြင်ဆင်ရန်ကျောက်တုံးများရရှိရေးအတွက် အိမ်အချို့ကိုဖြိုချကြ၏။-
11. ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
12. ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
13. သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။
14. အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
15. အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့ကို နန်းတော်အုပ်ချုပ်ရေးမှူးရှေဗန၏အိမ်သို့ သွား၍သူ့အား၊-