ဟေ​ရှာ​ယ 21:3-8 Common Language Bible (BCL)

3. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-

4. ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။

5. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။

6. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-

7. အ​ကယ်​၍​နှစ်​ယောက်​တစ်​တွဲ​နှစ်​ယောက်​တစ်​တွဲ မြင်း​စီး​သူ​ရဲ​များ​လာ​သည်​ကို​လည်း​ကောင်း၊ မြည်း​များ​ကု​လား​အုတ်​များ​ကို​စီး​၍​လူ​တို့ လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် ထို​သူ တို့​အား​သတိ​ထား​၍​ကြည့်​ရန်​ကင်း​စောင့်​ကို မှာ​ကြား​ထား​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

8. ကင်း​စောင့်​က``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ဤ​မျှော်​စင် ပေါ်​တွင်​ရပ်​၍ နေ့​ရော​ည​ပါ​ကင်း​စောင့်​လျက် နေ​ပါ​၏'' ဟု​အော်​၍​ပြော​ကြား​စဉ်၊

ဟေ​ရှာ​ယ 21