ဟေ​ရှာ​ယ 2:7-16 Common Language Bible (BCL)

7. သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-

8. သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။

9. သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။

10. ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-

11. လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-

12. ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-

13. ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရစ်​ပင် မြင့်​တို့​နှင့် ဗာ​ရှန်​တော​မှ​ဝက်​သစ်​ချ​ပင်​များ ကို​ချိုး​ချ​တော်​မူ​လိမ့်​မည်။-

14. တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ချ​တော်​မူ​၍၊-

15. မြင့်​မား​သော​မျှော်​စင်​မှန်​သ​မျှ​နှင့် မြို့​ရိုး မှန်​သ​မျှ​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-

16. ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-

ဟေ​ရှာ​ယ 2