5. ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
6. အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ယာကုပ်၏ သားမြေးများဖြစ်သည့်ကိုယ်တော်ရှင်၏လူမျိုး တော်အားစွန့်ပစ်တော်မူပါပြီ။ သူတို့၏ပြည် သည်လည်းအရှေ့နိုင်ငံသားများ၊ ဖိလိတ္တိ အမျိုးသားတို့၏မှော်အတတ်ကိုကျင့်သုံး သူများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ပြည်သူ တို့သည်နိုင်ငံခြားဋ္ဌလေ့ထုံးစံများကို လိုက်လျှောက်ကြပါ၏။-
7. သူတို့၏ပြည်သည်ရွှေ၊ ငွေပေါများသဖြင့် အတိုင်းမသိအောင်ချမ်းသာကြွယ်ဝပါ၏။ သူတို့၏ပြည်၌မြင်းပေါများ၍ မြင်းရထား အရေအတွက်မှာလည်းအတိုင်းမသိအောင် များပါ၏။-
8. သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။