ဟေ​ရှာ​ယ 19:9-12 Common Language Bible (BCL)

9. ပိတ်​ချော​ချည်​ငင်​သူ​တို့​သည်​စိတ်​ပျက်​အား လျော့​ကြ​လျက်၊-

10. ရက်​ကန်း​သည်​များ​နှင့်​အ​တတ်​ပ​ညာ​ရှင် အ​လုပ်​သ​မား​များ​သည်​လက်​မှိုင်​ချ​လျက် နေ​ကြ​လိမ့်​မည်။

11. ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-

12. အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-

ဟေ​ရှာ​ယ 19