6. မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
7. နိုင်းမြစ်ကမ်းပေါ်၌စိုက်ပျိုးထားသည့်သီးနှံ ပင်များသည်လည်း ခြောက်ကပ်ပြီးလျှင်လေ တွင်လွင့်ပါသွားကြလိမ့်မည်။-
8. နိုင်းမြစ်တွင်ငါးလုပ်ငန်းဖြင့်အသက်မွေးသူ အပေါင်းတို့သည် ညည်းညူငိုကြွေးကြလိမ့်မည်။ သူတို့၏ငါးမျှားချိပ်များနှင့်ပိုက်ကွန်များ သည်လည်း အသုံးဝင်ကြတော့မည်မဟုတ်။-
9. ပိတ်ချောချည်ငင်သူတို့သည်စိတ်ပျက်အား လျော့ကြလျက်၊-
10. ရက်ကန်းသည်များနှင့်အတတ်ပညာရှင် အလုပ်သမားများသည်လက်မှိုင်ချလျက် နေကြလိမ့်မည်။
11. ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
12. အို အီဂျစ်မင်း၊ သင်၏အတိုင်ပင်ခံပညာရှိ များကားအဘယ်မှာနည်း။ အီဂျစ်ပြည်အတွက် အနန္တတန်ခိုးရှင်ထာဝရဘုရားအဘယ်သို့ အကြံအစည်တော်ရှိသည်ကိုသူတို့အား မေးမြန်းပါလော့။-
13. ဇောနမြို့သားများနှင့်နောဗမြို့သားတို့၏ ခေါင်းဆောင်များသည် အသိဉာဏ်တုံးသူများ သာတည်း။ သူတို့အားမိမိတို့လူမျိုး၏ရှေ့ ဆောင်လမ်းပြများဟုယူဆရမည်ဖြစ်သော် လည်း သူတို့ကလမ်းမှားကိုပြ၍ပေးကြ၏။-
14. ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
15. ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ကြီး မြတ်သူဖြစ်စေ၊ ယုတ်ညံ့သူဖြစ်စေ၊ အဘယ် သူမျှမိမိတို့အီဂျစ်ပြည်ကိုအကူ အညီပေးနိုင်ကြလိမ့်မည်မဟုတ်။
16. အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
17. အီဂျစ်ပြည်သူတို့သည်မိမိတို့အတွက် အနန္တ တန်ခိုးရှင်ထာဝရဘုရားပြင်ဆင်ထားတော် မူသည့်ကံကြမ္မာကိုပြန်လည်သတိရသည့် အခါတိုင်းယုဒပြည်ကိုကြောက်ကြလိမ့်မည်။
18. ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
19. ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
20. ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-