1. ဆူဒန်မြစ်များ၏အလွန်တွင် တောင်ပံခတ် သံများကိုကြားရသည့်တိုင်းပြည်တစ် ပြည်ရှိ၏။-
2. ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
3. ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသူလူအပေါင်းတို့၊ နားထောင်ကြ လော့။ တောင်ထိပ်ဖျားတွင်လွှင့်ထူမည့်အချက် ပြအလံကိုစောင့်မျှော်ကြည့်ရှုကြလော့။ တံပိုးခရာမှုတ်သံကိုနားစွင့်၍နေကြ လော့။-