ဟေ​ရှာ​ယ 17:2-6 Common Language Bible (BCL)

2. ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-

3. ဣ​သ​ရေ​လ​ပြည်​သည်​ရန်​သူ​တို့​အား​ခု​ခံ နိုင်​စွမ်း​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ဒ​မာ​သက် မြို့​သည်​လည်း​လွတ်​လပ်​ရေး​ဆုံး​ရှုံး​၍​သွား လိမ့်​မည်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နည်း​တူ​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့် မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

4. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​၏ ဘုန်း​အ​သ​ရေ​မှေး​မှိန်​ရာ​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​ပြည်​သည်​ကြွယ် ဝ​ချမ်း​သာ​ရာ​မှ​ဆင်း​ရဲ​နွမ်း​ပါး​၍​သွား လိမ့်​မည်။-

5. ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-

6. လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 17