ဟေ​ရှာ​ယ 17:11-14 Common Language Bible (BCL)

11. သို့​သော်​ထို​ဥ​ယျာဉ်​များ​မှ​သစ်​စေ့​တို့​သည် သင်​စိုက်​ပျိုး​သည့်​နေ့​နံ​နက်​၌​ပင်​အ​ပင်​ပေါက် ၍​အ​ပွင့်​များ​ပွင့်​ကြ​သည်​ဆို​စေ​ကာ​မူ ယင်း တို့​မှ​သင်​သည်​အ​သီး​များ​ကို​ဆွတ်​ခူး​ရ​လိမ့် မည်​မ​ဟုတ်။ ဆင်း​ရဲ​ဒုက္ခ​နှင့်​မ​ပျောက်​နိုင်​သည့် ဝေ​ဒ​နာ​ကို​သာ​လျှင်​ခံ​စား​ရ​လိမ့်​မည်။

12. တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-

13. ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-

14. သူ​တို့​သည်​လူ​တို့​အား​ညဥ့်​ဦး​ယံ​၌ တုန်​လှုပ် ချောက်​ချား​စေ​ကြ​သော်​လည်း မိုး​သောက်​ယံ​၌ မ​ရှိ​ကြ​တော့​ပါ​တ​ကား။ ဤ​ကား​ငါ​တို့​ပြည် ကို​လု​ယက်​တိုက်​ခိုက်​သူ​မှန်​သ​မျှ​တို့​၏​ကံ ကြမ္မာ​ပင်​ဖြစ်​လေ​သည်။

ဟေ​ရှာ​ယ 17