6. ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
7. မောဘပြည်သူတို့သည်မိမိတို့ခံရသည့် ဆင်းရဲဒုက္ခများအတွက်ငိုယိုကြလိမ့်မည်။ ကိရဟရက်မြို့တွင်မိမိတို့စားခဲ့ရဖူး သည့်ကောင်းသောအစားအစာများကို ပြန်လည်သတိရသောအခါသူတို့အား လုံးပင်ငိုယိုကြလိမ့်မည်။ စိတ်ပျက်အား ငယ်လျက်နေကြလိမ့်မည်။-
8. ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။-
9. ယခုအခါငါသည်ယာဇာမြို့အတွက်ငို ယိုမိသကဲ့သို့ စိဗမာစပျစ်ပင်များအတွက် လည်းငိုယိုမိပါ၏။ လူတို့ဝမ်းမြောက်စွာစု သိမ်းရန်အသီးအနှံများမရှိတော့သဖြင့် ငါသည်ဟေရှဘုန်မြို့နှင့်ဧလာလေမြို့ တို့အတွက်မျက်ရည်ကျပါ၏။-
10. ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။-
11. ငါသည်မောဘပြည်အတွက်စိတ်ညှိုးငယ် လျက်၊ ကိရဟရက်မြို့အတွက်ဝမ်းနည်း လျက်ညည်းညူမိပါ၏။-
12. မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။
13. ဤဗျာဒိတ်တော်ကားမောဘပြည်နှင့်ပတ် သက်၍စောစောပိုင်းက ထာဝရဘုရားပေး တော်မူခဲ့သောဗျာဒိတ်တော်ဖြစ်ပေသည်။-