ဟေ​ရှာ​ယ 16:10-14 Common Language Bible (BCL)

10. ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-

11. ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-

12. မော​ဘ​ပြည်​သူ​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​ရန်​အ​ပင်​ပန်း​ခံ​ကာ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် ဝတ်​ကျောင်း​များ​သို့​သွား​ရောက် ကြ​သော်​လည်း​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ လိမ့်​မည်​မ​ဟုတ်။

13. ဤ​ဗျာ​ဒိတ်​တော်​ကား​မော​ဘ​ပြည်​နှင့်​ပတ် သက်​၍​စော​စော​ပိုင်း​က ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​ခဲ့​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။-

14. ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သုံး​နှစ်​တိ တိ​ရှိ​သော​အ​ခါ မော​ဘ​ပြည်​၏​စည်း​စိမ်​ဥစ္စာ များ​သည်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ မြောက် မြား​စွာ​သော​ပြည်​သူ​တို့​အ​နက်​မှ​လူ အ​နည်း​ငယ်​သာ​လျှင် အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လည်း​အား​အင် ချည့်​နဲ့​၍​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 16