3. လမ်းများပေါ်ရှိလူတို့သည်လျှော်တေကို ဝတ်ထားကြ၏။ မြေကွက်လပ်များနှင့်အိမ် ခေါင်မိုးများအပေါ်၌လည်းဝမ်းနည်း ကြေကွဲမှုကိုပြ၍ငိုကြွေးကြ၏။-
4. ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-
5. ငါသည်မောဘပြည်အတွက်ငိုကျွေး၏။ ပြည် သူတို့သည်ဇောရမြို့ဧဂလတ်ရှလိရှိယ အထိထွက်ပြေးကြ၏။ အချို့သောသူတို့ သည်မျက်ရည်ကျလျက် လုဟိတ်တောင်လမ်း အတိုင်းတက်သွားကြ၏။ အချို့တို့ကမူ ဝမ်းနည်းအော်ဟစ်ငိုကြွေးကာ ဟောရနိမ် မြို့သို့ထွက်ပြေးကြကုန်၏။-
6. နိမရိမ်ချောင်းသည်ခန်းခြောက်လျက် ချောင်းနံ ဘေးရှိမြက်တို့သည်လည်းခြောက်သွေ့ခဲ့ပြီ ဖြစ်၍စိမ်းစိုနေသည့်အရာတစ်စုံတစ်ခု မျှမကျန်မရှိတော့ပေ။-
7. လူတို့သည်မိမိတို့၏ပစ္စည်းဥစ္စာရှိသမျှကို ယူ၍ မိုးမခပင်ချိုင့်ဝှမ်းကိုဖြတ်ကျော်ထွက် ပြေးရန်ကြိုးစားကြ၏။-
8. မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-
9. ဒိဘုန်မြို့၌မြစ်ရေသည်သွေးများဖြင့်နီ မြန်းလျက်ရှိ၏။ ဘုရားသခင်သည်လည်း ထိုမြို့မှလူတို့သည်ပိုမိုဆိုးရွားသည့်ဘေး အန္တရာယ်ကိုစီမံထားတော်မူလေပြီ။ မောဘ ပြည်တွင်ကြွင်းကျန်နေသူမှန်သမျှသည် ထိုအရပ်တွင်ရက်စက်ကြမ်းကြုတ်စွာ အသတ်အဖြတ်ခံရကြလိမ့်မည်။